"မြင့်မိုရ်" ဆိုတာ ဘာလဲ။ ။
ဘာလဲဆိုတာကိုဖြေဖို့ဆိုရင်. ဘာလို့ စလုပ်ဖြစ်လဲဆိုတာကနေ စပြောရပါလိမ့်မယ်။ မြန်မာသီချင်းတွေ ကော်ပီတွေ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန် အကုန်ကူးတယ်။ ကိုယ်ပိုင်တော့ မရေးကြဘူး ဆိုတဲ့သူတွေအတွက် ကို အဓိက ရည်ရွယ်ပြီးတော့ ဒီဝက်ဆိုဒ်ကို စလုပ်ဖြစ်တာပါ။ မြန်မာသီချင်းတွေထဲမှာလည်း ကိုယ်ပိုင်သံစဉ်စစ်စစ်၊ တီးလုံး တစ်ပိုဒ် တစ်ပိုဒ်စီကအစ စာသားတစ်လုံးချင်းစီအထိ အပင်ပန်းခံ သေသေချာချာအပင်ပန်းခံကြိုးစားထားကြတဲ့ တေးရေး၊ တေးဆို နဲ့ သက်ဆိုင်သူအားလုံးကို အသိအမှတ်ပြုစေချင်တဲ့ သဘောပါ။
ဒီထဲမှာ ပါဖို့ ဘယ်လိုလုပ်ရမလဲ။ ။
ကဲ.. ဆိုပါတော့ . သင့်မှာ ကိုယ်ပိုင်သံစဉ်စစ်စစ် သီချင်းတစ်ပုဒ်ရှိတယ်။ ဒီမှာထည့်ချင်တယ်ဆိုရင် FAQ ဆိုတဲ့ ဘေးက Add song ကိုဖြည့်ပြီး submit လိုက်ရင်ရပါပြီ။
E-mail ရတဲ့အချိန်နဲ့ သီချင်းကို ဆိုဒ်ပေါ်မှာတင်ဖို့ဘယ်လောက်ကြာမှာလဲ။
အလွန်ဆုံး တစ်ပတ်ပါ။ ပို့လိုက်တဲ့သီချင်းက ကိုယ်ပိုင်သံစဉ် ဟုတ်မဟုတ် စစ်ဆေးပြီးတာနဲ့ တစ်ခါတည်းတင်ပေးမှာဖြစ်ပါတယ်။
ဒါဆိုရင် ဒီမှာတင်ထားသမျှသီချင်းတွေက ကိုယ်ပိုင်သံစဉ်တွေပါပဲဆိုတာအာမခံသလား။
ဟုတ်ကဲ့. အာမခံပါတယ်။ အကယ်၍များ သီချင်းတစ်ပုဒ်တစ်လေ ကိုယ်ပိုင်သံစဉ်မဟုတ်ပဲနဲ့ တင်ထားမယ်ဆိုရင် myintmohsongs@gmail.com ကို အမြန်ဆုံးအကြောင်းကြားပေးပါ။ မြန်မာသီချင်းတွေရဲ့ source က မနည်းဘူးမလား :D .. ။ ဒါပေမဲ့ တကယ်ကိုယ်ပိုင်သံစဉ်ဖြစ်ဖို့ကို သေချာစစ်ဆေးပြီးမှ တင်မှာပါ။
ဒီမှာ ကိုယ်ပိုင်သံစဉ်လို့မှတ်တမ်းတင်ပြီးရင် ဘာဖြစ်မှာလဲ။
ဒီမှာ မှတ်တမ်းတင်ပြီးရင် ကိုယ့်သီချင်းက ကိုယ်ပိုင်သံစဉ်ဖြစ်ပါတယ်ဆိုတာကို ကြေညာသလိုလည်းဖြစ်တယ်၊ နောက်ပြီးတော့ VCD နဲ့ သီချင်းစာအုပ်တွေမှာလည်း "မြင့်မိုရ်" ရဲ့ Logo ပုံကိုလည်း ထည့်လို့ရမှာဖြစ်ပါတယ်။ အဲဒါဆိုရင် နောက်ဆို "မြင့်မိုရ်" ရဲ့ တံဆိပ်ကိုတွေ့တာနဲ့ ကိုယ်ပိုင်သံစဉ်မှန်းတန်းသိပြီပေါ့။
ကဲ.. အားလုံးလည်းသိပြီ အခုဘာလုပ်ရမလဲ။
ဟုတ်ကဲ့။ စိတ်ရှည်လက်ရှည်နဲ့ အစအဆုံး သေချာဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အခု သူငယ်ချင်းတွေကို ဒီဝက်ဆိုဒ်အကြောင်းလက်ဆင့်ကမ်းပေးပါ။ "လူတွေသိလေ.. ပိုကောင်းလေ" လေ။ နောက်ပြီး လက်လှမ်းမှီသလောက် ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ပို့ပေးပါ။
*မြန်မာ့ဂီတလောက စစ်မှန်တဲ့သံစဉ်တွေကိုသာ မွေးထုတ်နိုင်ပါစေ*