ဆုန်သင်းပါရ်ရဲ့ “အသစ်”
ရန်ကုန်၊ ဒီဇင်ဘာ-၁၅
ချင်းတိုင်းရင်းသူ ဆုန်သင်းပါရ်၏ ထွက်ရှိလာမည့် စတုတ္ထမြောက် တစ်ကိုယ်တော်ခွေကို ခုနစ်နှစ် ကြာမှ ပြန်လုပ်သည့်အတွက် လူသစ်စိတ်သစ်ဖြင့် ပရိသတ်ရှေ့ကိုရောက်ရှိလာသည့်အတွက် စီးရီး
ခေါင်းစဉ်ကို “အသစ်”ဟု ပေးထားကြောင်း ဆုန်သင်းပါရ်က ပြောသည်။
ခေါင်းစဉ်ကို “အသစ်”ဟု ပေးထားကြောင်း ဆုန်သင်းပါရ်က ပြောသည်။
“လူသစ်၊ စိတ်သစ်ဆိုတော့ ကိုယ်ကအိမ်ထောင်ရှင်မလည်း ဖြစ်သွားပြီ။ အကြာကြီးနေမှ အသစ်လို ပြန်လုပ်တဲ့အခါကျတော့ သီချင်းလည်းအသစ် ကိုယ့်စိတ်လည်းအသစ်ဖြစ်ချင်တယ်။ အဲဒီသဘောမျိုးနဲ့ Title ကို “အသစ်” လို့ ပေးထားတာ ဖြစ်ပါတယ်” ဟု သူမကပြောသည်။
Rock သီချင်းများကို တစ်စိုက်မတ်မတ် သီဆိုခဲ့သည့် ဆုန်သင်းပါရ်ကို လာမည့်နွေရာသီတွင် သီဆိုနေကျပုံစံများမှ ခွဲထွက်လာသော ကိုယ်ပိုင်သံစဉ်သီချင်း ပုံစံသစ်များဖြင့် တွေ့မြင်ရမည်ဖြစ်သည်။
ဆုန်သင်းပါရ်၏ “အသစ်” စီးရီးအော်ဒီယိုစီဒီကို ထိုင်းနိုင်ငံတွင် Gold Disc ဖြင့် ရိုက်နှိပ်ခြဲ့ခင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် 24 Bit စနစ်ဖြင့် ပထမဆုံး အသံသွင်းယူသော စီဒီဖြစ်ကြောင်း ယင်းစီးရီးကို စီစဉ်ထုတ်လုပ်သည့် Forever Blossom မှ သိရသည်။
ထိုအခွေတွင် စံပီး၊ ဖိုးကာ၊ လင်းလင်း၊ နောနော်၊ ဖိုးအီ၊ F သားငယ်တို့က ကိုယ်ပိုင်သံစဉ်သီချင်း အသစ်များကို ရေးစပ်ထားပြီး ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

No comments:
Post a Comment